wa

WE love Our country and we love Nationality

Thursday, August 30, 2018

To

အချိန်တိုင်းလွမ်းနေတယ်ဆိုတာ ဖြစ်နိုင်မှာ လား ဘာကြောင့်အချစ်ကို ပဲပြောနေတာလဲ အမြဲအတူရှိနေမယ်ဆိုတာ ဘယ်လောက်ချစ်လဲ ကလေး ရယ် အရမ်းလွမ်းနေရပါတယ်

Monday, June 12, 2017

အတွေး

(၁) အခြားသူတွေရဲ့ အမှားတွေကနေ သင်ခန်းစာရယူပါ။ သင့်အနေနဲ့ အမှားတွေအားလုံး ကိုယ်တိုင် လိုက်လုပ်ကြည့်ရလောက်အောင် အသက်မရှည်နိုင်ပါဘူး။
(၂) လူတစ်ယောက်ဟာ အလွန်အမင်း မရိုးသားသင့်ပါဘူး။ ဖြောင့်တန်းတဲ့သစ်ပင်တွေဟာ အရင်ဆုံး အခုတ်ခံရသလို ရိုးသားတဲ့ လူတွေဟာလည်း အရင်ဆုံး ရှင်းထုတ်ခံရတတ်ပါတယ်။
(၃) မြွေတစ်ကောင်ဟာ အဆိပ်မရှိလျှင်ပင် အဆိပ်ရှိချင်ယောင် ဆောင်နေရပါမယ်။
(၄) မိတ်ဆွေဖြစ်ခြင်းရဲ့ နောက်ကွယ်မှာ ကိုယ့်ကျိုးကြည့်မှုအချို့ ရှိနေတတ်ပါတယ်။ ကိုယ့်ကျိုးမကြည့်တဲ့ မိတ်ဆွေစိတ်ဆိုတာ မရှိပါဘူး။ ဒါဟာ လက်ခံရန် ခက်ခဲလွန်းပေမယ့် ပကတိ အခြေအနေမှန်ပါပဲ။
(၅) အလုပ်တစ်ခုခု မစတင်မှီ မိမိကိုယ်ကို အမြဲတမ်း မေးခွန်းသုံးခု မေးပါ။ “ဒီအလုပ်ကို ဘာကြောင့် လုပ်နေတာလဲ။ အကျိုးရလဒ်တွေက ဘာတွေလဲ။ အောင်မြင်နိုင်ပါ့မလား။” ဒီမေးခွန်းတွေနဲ့ပတ်သက်ပြီး လေးလေးနက်နက်စဉ်းစား၊ ကျေနပ်လောက်တဲ့ အဖြေတွေ့မှသာ ဆက်လက်လုပ်ဆောင်ပါ။
(၆) ကြောက်ရွံ့မှု ပေါ်လာလျှင် ချက်ချင်းပင် တိုက်ခိုက်ဖယ်ရှားပစ်လိုက်ပါ။
(၇) လောကကြီးမှာ အကြီးမားဆုံးစွမ်းအားဆိုတာ အမျိုးသမီးတစ်ယောက်ရဲ့ နုပျိုမှုနဲ့ အလှအပပါ။
(၈) တစ်ခုခု စတင်လုပ်ဆောင်တဲ့အခါ ကျရှုံးမှာကို မကြောက်ပါနဲ့။ စွန့်လွှတ်အရှုံး မပေးပါနဲ့။ ရိုးရိုးသားသား လုပ်ကိုင်ဆောင်ရွက်တဲ့ လူတွေဟာ အပျော်ရွှင်ဆုံးလူတွေ ဖြစ်နေတတ်ပါတယ်။
(၉) ပန်းပွင့်တွေရဲ့ ရနံ့ဟာ လေနှင်ရာဘက်သာ မွေးပျံ့ပါတယ်။ ဒါပေမယ့် လူတစ်ယောက်ရဲ့ ဂုဏ်သတင်းကတော့ အရပ်မျက်နှာအားလုံး ပျံနှံ့ပါတယ်။
(၁၀)ဘုရားသခင်ဆိုတာ ရုပ်တုတွေမှာ ရှိမနေပါဘူး။ သင့်ခံစားချက်ဟာ သင်ရဲ့ ဘုရားသခင်ပါ။ သင့်စိတ်ဟာ သင်ရဲ့ ဘုရားကျောင်းပါ။
(၁၁) လူတစ်ယောက်ဟာ ဖွားမြင်ခြင်းဖြင့် ကြီးမြတ်လာတာမဟုတ်ဘူး။ လုပ်ဆောင်ချက်ဖြင့်သာ ကြီးမြတ်လာတာပါ။
(၁၂) သင့် အဆင့်အတန်းထက် မြင့်နေတဲ့လူတွေ၊ နိမ့်ကျနေတဲ့လူတွေနဲ့ ဘယ်တော့မှ မိတ်ဆွေမဖွဲ့ပါနဲ့။ အဲဒီလို မိတ်ဆွေဖွဲ့မှုမျိုးဟာ ဘယ်လိုပျော်ရွှင်မှုမျိုးကိုမှ မပေးကမ်းနိုင်ပါဘူး။
(၁၃) သင့်ကလေးကို ပထမ ငါးနှစ်တာကာလအတွင်း ချစ်သူတစ်ဦးလို  ဆက်ဆံပါ။ နောက်ငါးနှစ်မှာ ဆူပူကြိမ်းမောင်းပါ။ ဆယ့်ခြောက်နှစ်အရွယ် ရောက်တဲ့အခါ သူငယ်ချင်းလိုဆက်ဆံပါ။ ကြီးပြင်းအရွယ်ရောက်လာတဲ့ ကလေးတွေဟာ သင်ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပါပဲ။
(၁၄) မျက်မမြင်တစ်ယောက်အတွက် မှန်တစ်ချပ်ဟာ အသုံးမဝင်သလို လူမိုက်တစ်ယောက်အတွက် စာအုပ်တွေဟာလည်း အသုံးမဝင်ပါဘူး။
(၁၅) ပညာဆိုတာ အကောင်းဆုံး မိတ်ဆွေပါ။ ပညာတတ်တစ်ယောက်ကို နေရာတိုင်းက လေးစားတန်ဖိုးထားပါတယ်။ ပညာဟာ အလှတရားနဲ့ ငယ်ရွယ်နုပျိုမှုကို အနိုင်ယူပါတယ်။
နေလင်းအောင်

အသစ်

အသစ်


အရောင်သစ် အဆင်းသစ် ရနံ့သစ်
ကမ္ဘာကြီး သစ်ခဲ့ပြီ။
အတွေးသစ် အမြင်သစ် စိတ်ကူးသစ်နဲ့
အနာဂါတ်သစ်မှာ လူငယ်တွေ သစ်ခဲ့ပြီ။
စိတ်သစ် လူသစ် မိတ်ဆွေသစ်နဲ့
တပါးနိုင်ငံသစ်မှာ ငါးလဲပဲ သစ်ခဲ့ပြီ။
အဲ…
 ခရစ်တွေ ခေတ်တွေ ဘယ်လိုပဲ ပြောင်းလဲ ပြောင်းလဲ
ယနေ့ထိ မြန်မာဟာ မြန်မာ
ဗမာဟာ ဗမာပါပဲလေ။
သွေးဆာနေတဲ့ လက်တွေ
အိုးမဲသုတ်ထားတဲ့ မျက်နှာတွေရဲ့ ကြားမှာ
ရေညှိထူနေတဲ့ အဆောက်အဦးတွေ
မှိုတက်နေတဲ့ ခလေးတွေ
ယမ်းနံ့စွဲနေတဲ့ သစ်ပင်တွေက
အရင်တိုင်းရှိဆဲ ခုထက်တိုင် မပြောင်းလဲ
ဘယ်ခါမှ အသစ်ဖြစ်ကြတော့မလဲ…။ 
အရိုး (TACDB)

Monday, March 13, 2017

31.03.2017

အကြီးမြတ်ဆုံးသော ဖိတ်ကြားမှု

အကြီးမြတ်ဆုံးသော ဖိတ်ကြားမှု
ဖတ်ရန်: ဟေရှာ ၅၅း၁-၇ | သမ္မာကျမ်းစာတစ်နှစ်စာ: □ သူကြီး ၁၁-၁၂ □ လု ၆း၁-၂၆
အို ရေငတ်သောသူ အပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိ သောသူတို့၊ လာကြ။ ၀ယ်၍ စားသောက်ကြ လော့။ (း၁)
လွန်ခဲ့သော ရက်သတ္တပတ်အတန်ကြာက စာတိုက်မှ ဖိတ်စာများစွာကို ကျွန်တော် လက်ခံရရှိခဲ့သည်။ အငြိမ်းစားရေးရာ၊ အိမ်ခြံမြေ ရောင်းဝယ်ငှား၊ အသက်အာမခံ စသည့် လုပ်ငန်းများမှ ၎င်းတို့၏ “အခမဲ့” ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ဖိတ်စာများကို ချက်ခြင်း လွှင့်ပစ်လိုက်သည်။ သို့သော် နှစ်ရှည်လများသိကျွမ်းခဲ့သည့် မိတ်ဆွေဟောင်း တစ်ဦး၏ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲအစီအစဉ် ဖိတ်ကြားလွှာ ကိုမူ ကြွရောက်ပါမည်ဟု ကျွန်တော်ချက်ခြင်း အကြောင်းပြန် ခဲ့သည်။ ခေါ်ဖိတ်ခြင်း +ဆန္ဒရှိခြင်း = လက်ခံခြင်း
ဟေရှာ ၅၅း၁ တွင် အကြီးမြတ်ဆုံးသော ဖိတ်ကြားချက်ကို တွေ့ရသည်။ ခက်ခဲကြပ်တည်းနေသော အခြေအနေ၌ရှိနေသည့် သူ့လူများအား ထာဝရဘုရားသခင် မိန့်တော်မူသည်ကား  “အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ၀ယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ၊ အဖိုးကို မပေးဘဲ လာ၍  စပျစ်ရည်နှင့်နို့ကို ၀ယ်ကြလော့။”(း၁-၂)။ အတွင်းလူကို အားဖြည့်ပေးရန်၊ နက်နဲသော စိတ်ဝိညာဉ်ကို ကျေနပ်ပြည်ဝစေရန်၊ ထာဝရအသက်ပေးရန် ဘုရားသခင်၏ပေးကမ်း နေမှုက အံ့မခန်းဖြစ်သည်။
သခင်ယေရှု၏ဖိတ်ခေါ်ဖိတ်ကြားချက်ကို သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်၌ ထပ်မံဖော်ပြထားသည်။ “၀ိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ ၏။ ကြားသောသူကလည်း လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ”(ဗျာ ၂၂း၁၇)။
ထာဝရအသက်ဟုဆိုရာ၌ သေပြီးမှရမည်ဟု ကျွန်ုပ်တို့ ထင်တတ်သည်။ အမှန် စင်စစ် သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်နှင့် သခင်အဖြစ် ခေါ်ဖိတ်လက်ခံသည်မှစ၍ ထာဝရအသက်ကို ကျွန်ုပ်တို့ လက်ခံရရှိသည်။
ထာဝရအသက်ကို သူ့ထံ၌ရှာဖွေရယူရန် ဘုရားသခင်၏ဖိတ်ခေါ်ခြင်းက အကြီးမြတ်ဆုံးသော ဖိတ်ကြားလွှာပေတည်း။  ခေါ်ဖိတ်ခြင်း +ဆန္ဒရှိခြင်း = လက်ခံခြင်း။
DAVID MCCASLAND
သခင်ယေရှု၊ သနားခြင်းကရုဏာ၊ ခွင့်လွှတ်ခြင်းနှင့် ထာဝရအသက်ပေးမည်ဟူသည့် ကတိတော်အတွက် ကျေးဇူးတင်ပါသည်။ ကျွန်ုပ်၏ပျက်ကွက်အားနည်းမှုများကို ၀န်ခံလျက် သခင်ယေရှုကို ကျွန်ုပ်၏ ကယ်တင်ပိုင်ရှင်သခင်အဖြစ် ယုံကြည်လက်ခံပါ၏။
သူ့နောက်လိုက်ရန် သခင်ယေရှု၏ဖိတ်ခေါ်မှုကို ကျွန်ုပ်တို့လက်ခံသောအခါ ကျွန်ုပ်တို့အသက်တာ ဘ၀တစ်ခုလုံး၏ဦးတည်ရာ ပြောင်းလဲသွားသည်။

30.03.2017

အသက် ရှင်ခြင်းနှင့် သေခြင်း

အသက် ရှင်ခြင်းနှင့် သေခြင်း
ဖတ်ရန်: က ၅၀း၂၂-၂၆ | သမ္မာကျမ်းစာတစ်နှစ်စာ: □ သူကြီး ၉-၁၀ □ လု ၅း၁၇-၃၉
ကျွန်ုပ်သေတော့မည်။ အကယ်စင်စစ် ဘုရားသခင်သည် သင်တို့ကို အကြည့်အရှု ကြွလာတော်မူ၏။ (း၂၄)
ကျွန်မသူငယ်ချင်း၏အစ်ကို ကွယ်လွန်သွားချိန်က သူ့အနားရှိနေခဲ့သည့်အဖြစ်အပျက်ကို ကျွန်မ ဘယ်သောအခါမှ မမေ့ပါ။ ထိုအဖြစ်က သာမန်အခြေအနေမှ တစ်မူထူးသည့် အနေအထားသို့ ရောက်လာသည်။ ကျွန်မတို့သုံးဦးက တိတ်တဆိတ် စကားပြောနေရင်းမှ ရစ်ချက် အသက်ရှုပုံက ပို၍ခက်ခဲလာကြောင်း သိလိုက်သည်။ ကျွန်မတို့က သူ့အနီး၌ ၀ိုင်းရံစောင့်ကြည့်နေပြီး၊ ဆုတောင်း ပေးသည်။ သူ၏နောက်ဆုံး ထွက်သက်ရှိုက်လိုက်ချိန် အသက် ၄၀ အရွယ် နှစ်လိုဖွယ် အမျိုးသားတစ်ဦး သေဆုံး တော့မည်ဖြစ်၍ ကျွန်မတို့မျက်ရည်ပင်လယ် ဝေနေချိန်၌ ဘုရားသခင်၏တည်ရှိနေမှုက ကျွန်မတို့ကို လွှမ်းခြုံလျက်   သန့်ရှင်းသောအချိန်ကဲ့သို့ ခံစားရသည်။
ယုံကြည်ခြင်းသူရဲကောင်းများစွာတို့သည် ဘုရား သခင်၏သစ္စာတည်မှုကို သူတို့ကွယ်လွန်ချိန်၌ တွေ့ကြုံခံစားခဲ့ကြသည်။ ဥပမာ – ယာကုပ်က မကြာမီ ‘‘ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်’’ဟု ပြောကြားခဲ့သည် (က ၄၉း၂၉-၃၃)။ ယာကုပ်၏သား ယောသပ်သည်လည်း မကြာမီ ရောက်လာတော့မည့် သူ၏သေခြင်းအကြောင်းကို ကြေညာခဲ့သည်။ သူ့ညီအစ်ကို များအား ယုံကြည်ခြင်း၌ မည်သို့စွဲမြဲတည်ကြည်စွာ နေထိုင်ရမည်ကို ညွှန်ကြားပြီးနောက် ‘‘ကျွန်ုပ်သေတော့မည်’’ ဟု ပြောခဲ့သည်။ သူသည် အေးဆေးငြိမ်သက်နေပုံ ပေါ်သည်။ သို့သော် သူ့ညီအစ်ကိုများ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားရေးအတွက် သူစိတ်အားထက်သန်မျှော်လင့်သည် (၅၀း၂၄)။
မိမိ၏နောက်ဆုံးထွက်သက်ကို မည်သည့်အချိန်၌ မည်ကဲ့သို့ ရှူရမည်ကို ကျွန်မတို့ မည်သူမျှ မသိသော်လည်း ဘုရားသခင် ကျွန်မတို့နှင့်အတူရှိကြောင်း စိတ်ချ ယုံကြည်နိုင်အောင် မစပါမည်အကြောင်း ဘုရားသခင်ထံ ကျွန်မတို့တောင်းခံနိုင်ပါသည်။ အဘခမည်းတော်၏နေအိမ်၌ ကျွန်ုပ်တို့နေစရာအခန်းများ သခင်ယေရှု ပြင်ဆင် ပေးထား မည်ဆိုသည့် ကတိတော်ကို ကျွန်မတို့ ယုံကြည်နိုင်ပါသည် (ယော ၁၄း၂-၃)။  AMY BOUCHER PYE
သခင်ဘုရား၊ ကိုယ်တော်ကျိန်းဝပ်သောအရပ်၌ ကိုယ်တော်၏လူများ အတူရှိမည်။ ကိုယ်တော်သည် ကျွန်ုပ်တို့၏ မျက်ရည်များကို သုတ်ပေးပြီး သေခြင်းကို ပယ်ရှင်းသော ကျွန်ုပ်တို့၏ ဘုရားဖြစ်မည်။ ထိုအမှုဖြစ်စေပါ။
သခင်ဘုရားသည် ကျွန်ုပ်တို့ကို အလျင်း မစွန့်၊ အထူးသဖြင့် ကျွန်ုပ်တို့ သေဆုံးချိန်တွင် ပစ်၍မထားပါ။

29.03.2017

မီးဖြင့် စုံစမ်းစစ်ကြောခြင်း

မီးဖြင့် စုံစမ်းစစ်ကြောခြင်း
ဖတ်ရန်: ယာ ၁း၁-၁၂ | သမ္မာကျမ်းစာတစ်နှစ်စာ: □ သူကြီး ၇-၈ □ လု ၅း၁-၁၆
စုံစမ်းနှောင့်ယှက်ခြင်းကို သည်းခံသောသူသည် မင်္ဂလာရှိ၏။ အကြောင်းမူကား၊ စစ်ကြောစုံစမ်းခြင်းကို ခံပြီးမှ ... ကတိထား တော်မူသော အသက်သရဖူကို ရလိမ့်မည်။ (း၁၂)
လွန်ခဲ့သော ဆောင်းရာသီက ကော်လိုရာဒို ပြည်နယ်ရှိ သဘာဝသမိုင်းပြတိုက်သို့ သွားရောက် လည်ပတ်ခဲ့စဉ် အံ့ဩဖွယ်တစ်မူထူးသည့် လေလာရွက်လှုပ်ပင် အကြောင်းကို သိခဲ့ရသည်။ ၎င်းသည် အဖြူရောင်ပင်စည်ရှိပြီး သေးသွယ်သည့် အပင်အစု တစ်ခုလုံးသည် အစေ့ တစ်စေ့တည်းထဲမှ အပင်ပေါက်ပြီး တူညီပင်မြစ် စနစ်ပုံစံဖြင့် ရှင်သန်ကြသည်။ ဤပင်မြစ်စနစ်သည်  အပင် ထပ်ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ နှစ်ထောင်ပေါင်း များစွာ အသက်ရှင်နိုင်သည်။ ၎င်းသည် မြေအောက်၌ အိပ်နေပြီး၊ အရိပ်ထူထဲသည့် တောအုပ်တွင် သူတို့အတွက် နေရာ ပြင်ဆင်ပေးမည့် တောမီး၊ ရေတိုက်စားခြင်း (သို့) ရေခဲတောင်ပြိုခြင်း စသည့် သဘာဝဘေးဒဏ်များကို စောင့်ဆိုင်း နေကြသည်။ သဘာဝဘေးဒဏ်ကြောင့် မြေနေရာရှင်းလင်းသွားသော် အဆုံးတွင် အမြစ်က နေရောင်ကို ခံစား လာနိုင်ပြီး ထိုအမြစ်မှ အပင်ဖြစ်လာမည့် ပင်ပျိုလေးများကို ပို့လွှတ်လိုက်သည်။
သဘာဝဘေးအန္တရာယ်၏ အဖျက်လုပ်ငန်းသည် လေလာရွက်လှုပ်ပင်အတွက် ၎င်းတို့ကို တစ်ဖန်ရှင်သန် စေသော အကြောင်းတရားဖြစ်သည်။ အခက်အခဲများသည်လည်း ယုံကြည်ခြင်းကို ကြီးထွားစေသောအကြောင်းတရားဟု ရှင်ယာကုပ်က ရေးသားခဲ့သည်။ ‘‘ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ် သည်ဟု သိမှတ်လျက် အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသော အခါ ၀မ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည် အလျင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ’’  (ယာ ၁း၂-၄)။
စစ်ကြောခြင်းခံရသည့်အချိန်တွင် ၀မ်းမြောက်ရန် ခက်လှသည်။ သို့သော် ဘုရားသခင်သည် ခက်ခဲသည့် အခြေအနေအရပ်ရပ်ကို အသုံးပြုကာ ကျွနု်ပ်တို့ကို ရင့်ကျက်ခြင်းသို့ရောက်အောင် မစမည့်အကြောင်း ကျွန်ုပ်တို့မျှော်လင့်နိုင်ပါသည်။ ကျွန်ုပ်တို့၏နှလုံးသား၌ ဘုရားသခင်၏အလင်း ထိတွေ့ကျရောက်နိုင်အောင် အခက်အခဲ များက ရှင်းလင်းပေးသောအခါ လေလာရွက်လှုပ်ပင်များနည်းတူ စစ်ကြောခြင်း ခံရသည့် အချိန်၌ ယုံကြည်ခြင်းသည်လည်း ကြီးထွားလာနိုင်ပါသည်။ AMY PETERSON
ဘုရားသခင်၊ စစ်ကြောခြင်းထဲ၌ ကျွန်ုပ်တို့နှင့်အတူ ရှိပေး၍ ကျေးဇူးတင်ပါသည်။ ခက်ခဲသည့်အခြေအနေအားဖြင့် ကြီးထွားရင့်ကျက်လာရန် မစသည့်အတွက်ကျေးဇူးတင်ပါ၏။
စုံစမ်းစစ်ဆေးခြင်းနှင့် စမ်းသပ်စစ်ကြောခြင်းက ကျွန်ုပ်တို့ကို သခင်ခရစ်တော်နှင့် ပို၍နီးအောင် ဆွဲခေါ်နိုင်သည်။

28.03.2017

ကောင်းသောအသီး သီးခြင်း

ကောင်းသောအသီး သီးခြင်း
ဖတ်ရန်: ဆာ ၁း၁-၃ | သမ္မာကျမ်းစာတစ်နှစ်စာ: □ သူကြီး ၄-၆ □ လု ၄း၃၁-၄၄
ထိုသူသည် မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက် မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏။ (း၃)
လေယာဉ်ပြတင်းပေါက်မှ မြင်ရသော မြင်ကွင်းက စိတ်ဝင်စားဖွယ် လှပသည်။ ၀င်းမှည့် နေသောဂျုံခင်းနှင့် သစ်သီးခြံများက ဖဲကြိုးသေးသေးသွယ်သွယ်လေးပမာ တောင်နှစ်လုံး ကြားတွင် အတန်းလိုက် ရှိနေသည်။ တောင်ကြားကို ဖြတ်၍ မြစ်တစ်စင်းက စီးဆင်း နေသည်။ အသက်ကိုပေးသော ရေမရှိပါက အသီးလည်း ရှိမည် မဟုတ်ပေ။
အသီးအနှံဖြစ်ထွန်းအောင်မြင်ရန် သန့်စင်သော ရေ အရင်းအမြစ် လိုအပ်သကဲ့သို့၊ မိမိပြောသောစကား၊ ပြုသော
အမှု၊ စိတ်ထား စသည့်  အသက်တာ‘‘အသီး’’၏ အရည်အသွေး မှာ ကျွန်ုပ်တို့မှီဝဲသည့် ၀ိညာဉ်အစာအာဟာရပေါ်တွင် မူတည်သည်။ ဤအချက်ကို ဆာလံဆရာက ဆာလံ ၁ ၌ဖော်ပြထားသည်။ ‘‘ထာဝရဘုရား၏တရားတော်၌ မွေ့လျော် … သောသူသည် … မြစ်နားမှာ စိုက်လျက် မိမိအချိန်တန်မှ အသီးကိုသီး၍ အရွက်မညှိုးနွမ်းတတ်သော အပင်နှင့်တူ၏’’ (း၁-၄)။ ရှင်ပေါလုကလည်း ၀ိညာဉ်တော်နှင့် လျှောက်လှမ်းသူ တို့၏အမှတ်လက္ခဏာမှာ ‘‘ချစ်ခြင်း၊ ၀မ်းမြောက်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်း၊ ကာမဂုဏ် ချုပ်တည်းခြင်း’’ စသည့်ဖြင့် ဖြစ်ကြောင်း ဂလာတိ ၅ ၌ ရေးသားထားသည် (း၂၂-၂၃)။
တစ်ခါတစ်ရံတွင် မိမိအခြေအနေကို ကျွန်ုပ်ရှုမြင်ပုံက အဆိုးမြင်သည့် အနုတ် သဘောဆောင်ပြီး၊ ကျွန်ုပ်၏ အပြုအမူ အပြောအဆိုက ဆက်တိုက်ပင် ရက်စက်ခက်ထန် နေသည်။ ကောင်းသောအသီး မရှိ။ ဘုရားစကားတော်၌ ငြိမ်ဝပ်စွာ အချိန်မယူခဲ့ကြောင်း  မိမိကိုယ်ကို သိသည်။ သို့သော် ဘ၀နေ့ရက်၏စည်းချက်များတွင် ကိုယ်တော့်အပေါ် မှီခိုအမြစ်စွဲနေပါက ကောင်းသောအသီး သီးနိုင်သည်။ အခြားသူများနှင့် အပြန်အလှန် ဆက်ဆံရာတွင် စိတ်ရှည်ခြင်း၊ နူးညံ့သိမ်မွေ့ခြင်းသဘောတို့ ထွက်ပေါ်သည်။ ပြစ်တင် ဝေဖန်ခြင်းထက် ကျေးဇူးတင်သည့် စိတ်ထားကို အလွယ်တကူ ရွေးချယ်နိုင်ပါသည်။
ကျွန်ုပ်တို့အား မိမိကိုယ်ကို ထင်ရှားဖော်ပြသည့် ဘုရားသခင်သည် ကျွန်ုပ်တို့၏ ခွန်အား၊ ဉာဏ်ပညာ၊ ၀မ်းမြောက်ခြင်း၊ နားလည်နိုင်သောဉာဏ်နှင့် ငြိမ်သက်ခြင်း  အရင်းအမြစ် ဖြစ်သည် (ဆာ ၁၁၉း၂၈၊ ၉၈၊ ၁၁၁၊ ၁၄၄၊ ၁၆၅)။ ကိုယ်တော့်ထံသို့ ညွှန်ပြ နေသော နှုတ်ကပတ်တော်၌ ကျွန်ုပ်တို့ စိတ်ဝိညာဉ်ကို နှစ်မြှုပ်ထားပါက ဘုရားသခင်၏ ၀ိညာဉ်တော် လုပ်ဆောင်သည့်အမှုက ကျွန်ုပ်တို့၏ အသက်တာ၌ ထင်ရှားလာလိမ့်မည်။ PETER CHIN, GUEST WRITER
အဘဘုရား၊ ကိုယ်တော်၏အသက်ကို ပေးသော အဖိုးတန် နှုတ်ကပတ်တော်အတွက် ကျေးဇူးတင်ပါ၏။ စကားတော်၌ ခိုင်မာစွဲမြဲစွာ အမြစ်စွဲရန် မစတော်မူပါ။ ၎င်းသည် နေ့ရက်တိုင်းအတွက် ခွန်အားနှင့် အားပေးနှိုးဆော်မှု အရင်းအမြစ်ဖြစ်ပါစေသား။
ဘုရားသခင်၏လူများအားဖြင့် အလုပ်လုပ်ရန် ဘုရားသခင်၏၀ိညာဉ်တော်သည် ဘုရားလူများအတွင်း၌ တည်ရှိရှင်သန်တော်မူ၏။