လွန်ခဲ့သော ဆောင်းရာသီက ကော်လိုရာဒို ပြည်နယ်ရှိ သဘာဝသမိုင်းပြတိုက်သို့ သွားရောက် လည်ပတ်ခဲ့စဉ် အံ့ဩဖွယ်တစ်မူထူးသည့် လေလာရွက်လှုပ်ပင် အကြောင်းကို သိခဲ့ရသည်။ ၎င်းသည် အဖြူရောင်ပင်စည်ရှိပြီး သေးသွယ်သည့် အပင်အစု တစ်ခုလုံးသည် အစေ့ တစ်စေ့တည်းထဲမှ အပင်ပေါက်ပြီး တူညီပင်မြစ် စနစ်ပုံစံဖြင့် ရှင်သန်ကြသည်။ ဤပင်မြစ်စနစ်သည်  အပင် ထပ်ပေါက်သည်ဖြစ်စေ၊ မပေါက်သည်ဖြစ်စေ နှစ်ထောင်ပေါင်း များစွာ အသက်ရှင်နိုင်သည်။ ၎င်းသည် မြေအောက်၌ အိပ်နေပြီး၊ အရိပ်ထူထဲသည့် တောအုပ်တွင် သူတို့အတွက် နေရာ ပြင်ဆင်ပေးမည့် တောမီး၊ ရေတိုက်စားခြင်း (သို့) ရေခဲတောင်ပြိုခြင်း စသည့် သဘာဝဘေးဒဏ်များကို စောင့်ဆိုင်း နေကြသည်။ သဘာဝဘေးဒဏ်ကြောင့် မြေနေရာရှင်းလင်းသွားသော် အဆုံးတွင် အမြစ်က နေရောင်ကို ခံစား လာနိုင်ပြီး ထိုအမြစ်မှ အပင်ဖြစ်လာမည့် ပင်ပျိုလေးများကို ပို့လွှတ်လိုက်သည်။
သဘာဝဘေးအန္တရာယ်၏ အဖျက်လုပ်ငန်းသည် လေလာရွက်လှုပ်ပင်အတွက် ၎င်းတို့ကို တစ်ဖန်ရှင်သန် စေသော အကြောင်းတရားဖြစ်သည်။ အခက်အခဲများသည်လည်း ယုံကြည်ခြင်းကို ကြီးထွားစေသောအကြောင်းတရားဟု ရှင်ယာကုပ်က ရေးသားခဲ့သည်။ ‘‘ငါ့ညီအစ်ကိုတို့၊ သင်တို့၏ယုံကြည်ခြင်းကို စစ်ကြောစုံစမ်းခြင်းအရာသည် သည်းခံခြင်းကို ပွားစေတတ် သည်ဟု သိမှတ်လျက် အထူးထူးအပြားပြား စုံစမ်းနှောင့်ယှက်ခြင်းနှင့် တွေ့ကြုံသော အခါ ၀မ်းမြောက်စရာအကြောင်းသက်သက်ဖြစ်သည်ဟု မှတ်ကြလော့။ သင်တို့သည် အလျင်းမချို့တဲ့ဘဲ စေ့စပ်စုံလင်မည်အကြောင်း သည်းခံခြင်းစိတ်သည် အကုန်အစင် ပြုပြင်ပါစေ’’  (ယာ ၁း၂-၄)။
စစ်ကြောခြင်းခံရသည့်အချိန်တွင် ၀မ်းမြောက်ရန် ခက်လှသည်။ သို့သော် ဘုရားသခင်သည် ခက်ခဲသည့် အခြေအနေအရပ်ရပ်ကို အသုံးပြုကာ ကျွနု်ပ်တို့ကို ရင့်ကျက်ခြင်းသို့ရောက်အောင် မစမည့်အကြောင်း ကျွန်ုပ်တို့မျှော်လင့်နိုင်ပါသည်။ ကျွန်ုပ်တို့၏နှလုံးသား၌ ဘုရားသခင်၏အလင်း ထိတွေ့ကျရောက်နိုင်အောင် အခက်အခဲ များက ရှင်းလင်းပေးသောအခါ လေလာရွက်လှုပ်ပင်များနည်းတူ စစ်ကြောခြင်း ခံရသည့် အချိန်၌ ယုံကြည်ခြင်းသည်လည်း ကြီးထွားလာနိုင်ပါသည်။ AMY PETERSON