ကျွန်မသူငယ်ချင်း၏အစ်ကို ကွယ်လွန်သွားချိန်က သူ့အနားရှိနေခဲ့သည့်အဖြစ်အပျက်ကို ကျွန်မ ဘယ်သောအခါမှ မမေ့ပါ။ ထိုအဖြစ်က သာမန်အခြေအနေမှ တစ်မူထူးသည့် အနေအထားသို့ ရောက်လာသည်။ ကျွန်မတို့သုံးဦးက တိတ်တဆိတ် စကားပြောနေရင်းမှ ရစ်ချက် အသက်ရှုပုံက ပို၍ခက်ခဲလာကြောင်း သိလိုက်သည်။ ကျွန်မတို့က သူ့အနီး၌ ၀ိုင်းရံစောင့်ကြည့်နေပြီး၊ ဆုတောင်း ပေးသည်။ သူ၏နောက်ဆုံး ထွက်သက်ရှိုက်လိုက်ချိန် အသက် ၄၀ အရွယ် နှစ်လိုဖွယ် အမျိုးသားတစ်ဦး သေဆုံး တော့မည်ဖြစ်၍ ကျွန်မတို့မျက်ရည်ပင်လယ် ဝေနေချိန်၌ ဘုရားသခင်၏တည်ရှိနေမှုက ကျွန်မတို့ကို လွှမ်းခြုံလျက်   သန့်ရှင်းသောအချိန်ကဲ့သို့ ခံစားရသည်။
ယုံကြည်ခြင်းသူရဲကောင်းများစွာတို့သည် ဘုရား သခင်၏သစ္စာတည်မှုကို သူတို့ကွယ်လွန်ချိန်၌ တွေ့ကြုံခံစားခဲ့ကြသည်။ ဥပမာ – ယာကုပ်က မကြာမီ ‘‘ငါ့လူမျိုးစည်းဝေးရာသို့ ငါသွားရမည်’’ဟု ပြောကြားခဲ့သည် (က ၄၉း၂၉-၃၃)။ ယာကုပ်၏သား ယောသပ်သည်လည်း မကြာမီ ရောက်လာတော့မည့် သူ၏သေခြင်းအကြောင်းကို ကြေညာခဲ့သည်။ သူ့ညီအစ်ကို များအား ယုံကြည်ခြင်း၌ မည်သို့စွဲမြဲတည်ကြည်စွာ နေထိုင်ရမည်ကို ညွှန်ကြားပြီးနောက် ‘‘ကျွန်ုပ်သေတော့မည်’’ ဟု ပြောခဲ့သည်။ သူသည် အေးဆေးငြိမ်သက်နေပုံ ပေါ်သည်။ သို့သော် သူ့ညီအစ်ကိုများ ဘုရားသခင်အပေါ် ယုံကြည်ကိုးစားရေးအတွက် သူစိတ်အားထက်သန်မျှော်လင့်သည် (၅၀း၂၄)။
မိမိ၏နောက်ဆုံးထွက်သက်ကို မည်သည့်အချိန်၌ မည်ကဲ့သို့ ရှူရမည်ကို ကျွန်မတို့ မည်သူမျှ မသိသော်လည်း ဘုရားသခင် ကျွန်မတို့နှင့်အတူရှိကြောင်း စိတ်ချ ယုံကြည်နိုင်အောင် မစပါမည်အကြောင်း ဘုရားသခင်ထံ ကျွန်မတို့တောင်းခံနိုင်ပါသည်။ အဘခမည်းတော်၏နေအိမ်၌ ကျွန်ုပ်တို့နေစရာအခန်းများ သခင်ယေရှု ပြင်ဆင် ပေးထား မည်ဆိုသည့် ကတိတော်ကို ကျွန်မတို့ ယုံကြည်နိုင်ပါသည် (ယော ၁၄း၂-၃)။  AMY BOUCHER PYE