လွန်ခဲ့သော ရက်သတ္တပတ်အတန်ကြာက စာတိုက်မှ ဖိတ်စာများစွာကို ကျွန်တော် လက်ခံရရှိခဲ့သည်။ အငြိမ်းစားရေးရာ၊ အိမ်ခြံမြေ ရောင်းဝယ်ငှား၊ အသက်အာမခံ စသည့် လုပ်ငန်းများမှ ၎င်းတို့၏ “အခမဲ့” ဆွေးနွေးပွဲများသို့ တက်ရောက်ရန် ဖိတ်စာများကို ချက်ခြင်း လွှင့်ပစ်လိုက်သည်။ သို့သော် နှစ်ရှည်လများသိကျွမ်းခဲ့သည့် မိတ်ဆွေဟောင်း တစ်ဦး၏ဂုဏ်ပြုပွဲနှင့် မိတ်ဆုံစားပွဲအစီအစဉ် ဖိတ်ကြားလွှာ ကိုမူ ကြွရောက်ပါမည်ဟု ကျွန်တော်ချက်ခြင်း အကြောင်းပြန် ခဲ့သည်။ ခေါ်ဖိတ်ခြင်း +ဆန္ဒရှိခြင်း = လက်ခံခြင်း
ဟေရှာ ၅၅း၁ တွင် အကြီးမြတ်ဆုံးသော ဖိတ်ကြားချက်ကို တွေ့ရသည်။ ခက်ခဲကြပ်တည်းနေသော အခြေအနေ၌ရှိနေသည့် သူ့လူများအား ထာဝရဘုရားသခင် မိန့်တော်မူသည်ကား  “အို ရေငတ်သောသူအပေါင်းတို့၊ ရေရှိရာသို့ လာကြလော့။ ငွေမရှိသောသူတို့၊ လာကြ။ ၀ယ်၍ စားသောက်ကြလော့။ ငွေမပါဘဲ၊ အဖိုးကို မပေးဘဲ လာ၍  စပျစ်ရည်နှင့်နို့ကို ၀ယ်ကြလော့။”(း၁-၂)။ အတွင်းလူကို အားဖြည့်ပေးရန်၊ နက်နဲသော စိတ်ဝိညာဉ်ကို ကျေနပ်ပြည်ဝစေရန်၊ ထာဝရအသက်ပေးရန် ဘုရားသခင်၏ပေးကမ်း နေမှုက အံ့မခန်းဖြစ်သည်။
သခင်ယေရှု၏ဖိတ်ခေါ်ဖိတ်ကြားချက်ကို သမ္မာကျမ်းစာ၏နောက်ဆုံးစာစောင်၌ ထပ်မံဖော်ပြထားသည်။ “၀ိညာဉ်တော်နှင့် မင်္ဂလာဆောင်သတို့သမီးက လာခဲ့ပါဟု ဆိုကြ ၏။ ကြားသောသူကလည်း လာခဲ့ပါဟုဆိုပါစေ။ ရေငတ်သောသူသည် လာပါစေ။ အလိုရှိသောသူသည် အဖိုးကိုမပေးဘဲ အသက်ရေကို ယူပါစေ”(ဗျာ ၂၂း၁၇)။
ထာဝရအသက်ဟုဆိုရာ၌ သေပြီးမှရမည်ဟု ကျွန်ုပ်တို့ ထင်တတ်သည်။ အမှန် စင်စစ် သခင်ယေရှုကို မိမိ၏ကယ်တင်ပိုင်ရှင်နှင့် သခင်အဖြစ် ခေါ်ဖိတ်လက်ခံသည်မှစ၍ ထာဝရအသက်ကို ကျွန်ုပ်တို့ လက်ခံရရှိသည်။
ထာဝရအသက်ကို သူ့ထံ၌ရှာဖွေရယူရန် ဘုရားသခင်၏ဖိတ်ခေါ်ခြင်းက အကြီးမြတ်ဆုံးသော ဖိတ်ကြားလွှာပေတည်း။  ခေါ်ဖိတ်ခြင်း +ဆန္ဒရှိခြင်း = လက်ခံခြင်း။
DAVID MCCASLAND