ပြေးခြင်းနှင့် အနားယူခြင်း
ဖတ်ရန်: မာကု ၆း၃၀-၄၆ | သမ္မာကျမ်းစာတစ်နှစ်စာ: □ ယောရှု ၄-၆ □ လု ၁း၁-၂၀
00:00
ကိုယ်တော်ကလည်း တော၌ ဆိတ်ကွယ်ရာ အရပ်သို့ လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူ၏။ (း၃၁)
‘‘နားရမည့်နေ့ရက်များသည် အပြေးသမားများအတွက် အရေးကြီးသည်’’ ဆိုသော
စာတန်းလေးကို ကျွန်မစိတ်ဝင်စားမိသည်။ U.S တောင်ပတ်ပြေးသောအဖွဲ့(Mountain
Running Team)၏ အဖွဲ့ဝင်ဟောင်း Tommy Manning ၏ ဆောင်းပါးတွင်
စိတ်နှစ်ပြီး ကစားသော အားကစားသမားများသည် တစ်ခါတစ်ရံတွင်
လေ့ကျင့်ခန်းပြုလုပ်ပြီးနောက် ခန္ဓာကိုယ်ကို အားဖြည့်ရန်အတွက်
နားရန်လိုသော်လည်း ထိုအချက်ကို လျစ်လျူရှုထားတတ်ကြကြောင်း ဖော်ပြထားသည်။
ဇီဝကမ္မဗေဒအရ လေ့ကျင့်မှုကြောင့် ဖြစ်ပေါ်သော ဇီဝသပ္ပာယ
(ခန္ဓာနရီ၏ပြောင်းလဲမှုနှင့် လိုက်လျောညီထွေ ဖြစ်ခြင်း)သည်
နားနေသည့်အချိန်တွင်သာ ဖြစ်ပေါ်သည်။ ၎င်းသည် နားနေချိန်သည် လေ့ကျင့်မှုထက်
အရေးကြီး သည်ဟု ဆိုလိုခြင်းဖြစ်ကြောင်း Manning က ရေးသား ခဲ့သည်။
ယုံကြည်ခြင်းခရီးနှင့် အစေခံခြင်းလမ်းကို လျှောက်လှမ်းရာ၌လည်း ထို့အတူပင်ဖြစ်သည်။ ပင်ပန်းအားကုန်လျက် စိတ်ဓာတ်ကျ သည့် အဖြစ်မျိုးကို ရှောင်ရှားရန် ပုံမှန်အနားယူခြင်းသည် မရှိမဖြစ် လိုအပ်သည်။ သခင်ယေရှု လောက၌ ကျင်လည်ခဲ့စဉ် သူ့အပေါ်တောင်းဆိုမှုများစွာ ရှိနေသည့်ကြားမှ ၀ိညာဉ်ရေးရာဘက်တွင် မျှတမှုရှိအောင် ရှာဖွေခဲ့သည်။ တပည့်တော်များသည် သွန်သင်ခြင်း၊ အနာငြိမ်းစေခြင်းအမှုတော်မှ ပင်ပန်းနွမ်းဟိုက်စွာ ပြန်လာသောအခါ သူတို့အား ‘‘တော၌ ဆိတ်ကွယ်ရာ အရပ်သို့လာကြ။ ခဏအားဖြည့်၍ ငြိမ်သက်စွာနေကြဟု မိန့်တော်မူ၏’’ (မာကု ၆း၃)။ သို့သော် လူအုပ်ကြီးက လိုက်လာသောအခါ သခင်က နှုတ်ကပတ်တော် သွန်သင်ပြီး မုန့်ငါးလုံးနှင့် ငါးနှစ်ကောင်ဖြင့် ကျွေးမွေးခဲ့သည် (း၃၂-၄၄)။ လူအားလုံးပြန်သွားသောအခါ ‘‘ဆုတောင်းပတ္ထနာပြုအံ့သောငှာ တောင်ပေါ်သို့ ကြွတော်မူ၏’’ (း၄၆)။
ဘ၀၌ အလုပ်သာအရေးကြီးပြီး အလုပ်က ဘ၀၏အဓိပ္ပာယ်ဟု သတ်မှတ် ထားလျှင် ကျွန်ုပ်တို့ပြုလေသမျှ လုပ်ဆောင်လေသမျှသည် အကျိုးနည်းစရာ ဖြစ်လာ သည်။ သခင်ယေရှုသည် ကျွန်ုပ်တို့အား သူနှင့်အတူထိုင်ပြီး ဆုတောင်းရန်နှင့် အနားယူရန် ဆိတ်ငြိမ်ရာအရပ်သို့ ခေါ်ဖိတ်နေပါသည်။ DAVID MCCASLAND

သခင်ယေရှုဘုရား၊ ခမည်းတော်နှင့် နှစ်ဦးတည်း
အချိန်ယူဆုတောင်းပြခဲ့ခြင်းအတွက် ကျေးဇူးတင်ပါ၏။ ကိုယ်တော်နှင့်အတူ
လိုက်လျှောက်စဉ် ဉာဏ်ပညာနှင့် စိတ်ပိုင်းဖြတ်ကာ အနားယူခြင်းကို ဦးစားပေး
ပထမအဖြစ် ချမှတ်နိုင်အောင် မစတော်မူပါ။
ကျွန်ုပ်တို့၏ ယုံကြည်ခြင်းနှင့် အစေခံခြင်းတွင်
အနားယူခြင်းသည်လည်း အလုပ်လုပ်ခြင်းကဲ့သို့ပင် အရေးကြီးသည်။
No comments:
Post a Comment