ကျွန်မခင်ပွန်း Dan နှင့်အတူ အသက်ကြီးသူ မိဘနှစ်ပါးကို ကြည့်ရှုပြုစုခဲ့စဉ်က တစ်ယောက်လက် တစ်ယောက်ကိုင်ကာ တောင်ကမ်းပါးမှ တွဲလွဲခိုနေရသလို ခံစားခဲ့ ရသည်။ ကြည့်ရှုပြုစုခြင်းအမှုတွင် ကျွန်မတို့၏စိတ်နှလုံးကို အစစ်ဆေးခံရန်၊ ပုံသွင်းခံရန်၊ အထူးသဖြင့် ယခုကဲ့သို့သောအချိန်တွင် အသစ်သော နည်းလမ်းများဖြင့် ဘုရားရှင်အသုံးပြုရန်  အခွင့်ပေးခြင်း တို့သည်  အခက်ခဲဆုံး သောအရာဖြစ်မည်ဟု ကျွန်မတို့ ထင်မထားခဲ့ပါ။
နေ့အချိန်တွင် ကျွန်မသည် မြေပြင်ပေါ်သို့ အဆီးအတားမရှိ ခေါင်းစိုက်ထိုးဆင်းကျသလို ခံစားရပြီး ဘုရားရှင်သည် ကျွန်မလုပ်ဆောင်ရမည့်တာဝန်များ၊ ကြိုတင် စီစဉ်ထားသောအရာများ၊ ကြောက်ရွံ့မှုများ၊ မာန်မာနနှင့် တကိုယ်ကောင်းဆန်မှုများကို ဖော်ပြပါသည်။ တစ်ဖန် ဘုရားရှင်သည် ကျွန်မ၏ ကျိုးပဲ့ကြေမွမှုများကို အသုံးပြုကာ  သူ၏ချစ်ခြင်းနှင့် ခွင့်လွှတ်ခြင်းကို ပြသခဲ့သည်။
ကျွန်မ၏သင်းအုပ်က ‘‘ဘုရားမရှိဘဲ ကိုးယိုးကားယား ဖြစ်နေတဲ့ မင်းကိုယ်မင်း အရှိကို အရှိအတိုင်း မြင်တဲ့နေ့ဟာ အကောင်းဆုံး နေ့ပဲ။ ပြီးတော့မှ ဘုရားသခင် မင်းကို မြင်သလို ကိုယ်တော်၌ပြီးပြည့်စုံနေတဲ့သူအဖြစ် ကိုယ့်ကိုယ်ကိုယ် မြင်ကြည့်ပါ’’ ဟုပြောခဲ့သည်။ ၎င်းသည် လူကြီးသူမကို ပြုစုခြင်းဖြင့် ကျွန်မအသက်တာ၌ ရရှိခဲ့သည့် မင်္ဂလာကောင်းချီးဖြစ်သည်။ ဘုရားရှင် ကျွန်မကို ဖန်ဆင်းထားသည့် အရှိအတိုင်းကို မြင်မိသောအခါ သူ့ထံလှည့်ပြီး သူ၏လက်တော်သို့ ပြေးဝင်၍ ငိုမိပါ တော့သည်။ ဆာလံဆရာနှင့်အတူ ‘‘အို ဘုရားသခင်၊ အကျွန်ုပ်ကိုစစ်ကြော၍ အကျွန်ုပ်၏နှလုံးကို သိမှတ်တော်မူပါ’’ (ဆာ ၁၃၉း၂၃) ဟူ၍ အော်ဟစ်မိပါတော့သည်။
မိမိကိုယ်ကို မိမိ၏ပြဿနာ အခြေအနေကြားတွင်သာ မြင်နေရာမှ ဖွင့်လှစ် ကမ်းကြိုနေသော၊ နှစ်သက်ဖွယ်သော၊ ခွင့်လွှတ်နေသော ဘုရားရှင်၏လက်တော်သို့ လှည့်ပြန် ပြေးသွားရန် သင့်အတွက် ကျွန်မ ဆုတောင်းပေးပါ၏။ SHELLY BEACH, GUEST WRITER