လားရှိုးက အုပ်စုဖွဲ့ ဓားနဲ့ လိုက်ခုတ်တဲ့ သူတွေကို ဖမ်းမိပြီ
May 4, 2016=====================================
လားရှိုးမြို့ရဲ့ အေးချမ်းသာယာမှုတွေကို ဖျက်ဆီးနေပြီး ဒေသခံ ပြည်သူတွေမသွားရဲ မလာရဲဖြစ်ရအောင် အုပ်စုလိုက် ဓား၊ တုတ်တွေနဲ့ လိုက်လံ ခုတ်၊ ရိုက်နေတဲ့ ဂိုဏ်းတစ်ခုကို ပြည်သူ့ရဲတွေက ဖော်ထုတ် ဖမ်းဆီးလိုက်ပါပြီ ...
အမျိုးသမီး တစ်ဦးပါပြီး အမျိုးသား ၄၀ ဦးပါဝင်တဲ့ လူဆိုးဂိုဏ်းကြီးကိုတာဝန်သူပြည်သူတွေရဲ့ သတင်းပေး အကူအညီနဲ့ ပြည်သူ့ရဲတွေကဖော်ထုတ် ဖမ်းဆီးနိုင်ခဲ့ပါတယ် ...
စိတ်ကြွဆေးပြား အများအပြားနဲ့ တုတ်၊ ဓား လက်နက်မျိုးစုံကိုပါသိမ်းဆည်းရခဲ့ပါတယ်...
လားရှိုးမြို့ကြီး အခုတော့ အေးချမ်းသာယာ သွားပါပြီ ...